ဂျပန်တွင်အင်ဂျင်နီယာအလုပ်ဝင်လုပ်နိုင်ရန် ဂျပန်စာသင်တန်းကျောင်း (Language School)မှပြုလုပ်သော ပညာတော်သင်ပရိုဂရမ်
🌸🇯🇵ဂျပန်တွင်အင်ဂျင်နီယာအလုပ်ဝင်လုပ်နိုင်ရန် ဂျပန်စာသင်တန်းကျောင်း (Language School)မှပြုလုပ်သော ပညာတော်သင်ပရိုဂရမ်📙
By Sankei Shinbun & First Study Japanese Language School
ဂျပန်တွင် အင်ဂျင်နီယာအဖြစ် အလုပ်ဝင်လုပ်နိုင်ရန် ရည်မှန်းပြီး ၂နှစ်တာ သတင်းစာပို့သည့်အလုပ်ကို ပြုလုပ်ရင်း အိုစာကာရှိ ဂျပန်စာသင်တန်းကျောင်း (Language School)မှာ ဂျပန်စာသင်ယူနိုင်မဲ့ စကော်လာရှစ် ပရိုဂရမ်ဖြစ်ပါတယ်။ ဂျပန်စာသင်တန်းကျောင်း (Language School)ရဲ့ သင်တန်းကြေးအားလုံး အခမဲ့ဖြစ်ပြီး ဂျပန်သွားရမဲ့ ခရီးစရိတ်လည်း အခမဲ့ဖြစ်ပါတယ်။
လက်ခံမည့်လူအရေအတွက် ကန့်သတ်ထားပေမဲ့လည်း သတ်မှတ်အရည်အချင်းနှင့်ပြည့်မှီသူများ သေချာပေါက် လျှောက်ကြည့်စေချင်ပါတယ်။
လက်ခံမည့်လူအရေအတွက်:၁ဦး(လျှောက်ထားသူအခြေအနေပေါ်မူတည် လက်ခံမည့်သူတိုးကောင်းတိုးနိုင်သလို မည်သူမှလက်ခံခြင်းမခံရသည်လည်းရှိနိုင်သည်။)
(1)လျှောက်ထားနိုင်သူ👦👩
①IT, Mechanical, Electrical, Civil ဘာသာရပ်အထူးပြု၍ တက္ကသိုလ်သို့မဟုတ် ဘွဲ့လွန်ဘွဲ့ရထားသူဖြစ်ရမည်။ တက္ကသိုလ်ဘွဲ့မရသေးသူများ မလျှောက်ထားနိုင်ပါ။
②အသက်:30 မပြည့်သေးသူ(2022 ခုနှစ် 9 လ 10 ရက် နေ့အထိ)
③ဂျပန်စာ:JLPT N4 နှင့်အထက်(NAT-test・J-test・TOP-J လည်းရပါသည်)(2022 ခုနှစ် 9 လ 10 ရက် နေ့အထိ)
④မြန်မာနိုင်ငံသားဖြစ်၍ လက်ရှိမြန်မာနိုင်ငံတွင်နေထိုင်နေသူ
⑤ဆိုင်ကယ်လိုင်စင်ရှိသူ သို့မဟုတ် ၂၀၂၂ခုနှစ် ၁၁လပိုင်းကုန်မတိုင်မှီ လိုင်စင်ထုတ်ယူထားသူ
⑥ 2နှစ်တာ ပညာသင်ယူရင်း၊ သတင်းစာပို့သည့်အလုပ်လုပ်ကိုင်နိုင်သူ
သင်တန်းတက်နေရင်းဖြင့် N1 အောင်သွားပြီး အလုပ်ဝင်လုပ်နိုင်သည့်အနေအထားသို့ရောက်သွားနိုင်တဲ့အနေအထား စတဲ့အကြောင်းများရှိသော်လည်း ၂နှစ်ပြည့်သည်အထိ စကော်လာရှစ်ရသောကျောင်းသားအဖြစ် ဂျပန်စာသင်တန်းကျောင်း (Language School)တွင် ပညာသင်ယူရမည်ဖြစ်သည်။
※ယခင် နေထိုင်ခွင့်ခွင့်ပြုချက်(COE)အပယ်ခံရသောသူများမှာ ယခုစကော်လာရှစ် လျှောက်ထား၍မရနိုင်ပါ။
※ကျား/မ မည်သူမဆိုလျှောက်ထားနိုင်သည်။
※ဘဏ်အကောင့်ရှိ စုငွေပမာပမာဏကို ကျောင်းဘက်မှ မတောင်းပါ။
(2)ဘယ်လိုလူတွေလျှောက်ထားရမလဲ?
① ဂျပန်ဘာသာစကားကို အမှန်တကယ်သင်ယူလိုသူ🇯🇵💪
ဂျပန်မှာအလုပ်ဝင်ဖို့အတွက် N1 Level ဂျပန်စာအရည်အချင်းရှိဖို့လိုအပ်ပါတယ်။ ဂျပန်စာအရမ်းမတော်နေရင်လည်းဘဲ ဂျပန်စာကို ၂နှစ်တာသေချာကြိုးစားသင်ယူပြီး ဂျပန်မှာအင်ဂျင်နီယာအဖြစ် အလုပ်ဝင်လုပ်ချင်စိတ်ပြင်းပြသူများ လျှောက်ထားနိုင်ပါသည်။
②ကျန်းမာသန်စွမ်းပြီး တာဝန်ယူမှုတာဝန်ခံမှုရှိသောသူ
ဂျပန်မှာသတင်းစာဆိုတာက လျှပ်စစ်မီး၊ ဂတ်စ်၊ ရေ စတာတွေနဲ့တန်းတူ မရှိမဖြစ်လိုအပ်တဲ့အရာလို့ ယူဆကြပါတယ်။ သတင်းစာပို့တာကလည်း နေ့တိုင်းလိုလို မနက်နဲ့ ညအမှားအယွင်းမရှိဘဲ သတင်းစာဖတ်ရှုတဲ့ Customer တွေထံသတင်းစာအရောက်ပို့ပေးရတဲ့ အရေးကြီးတဲ့အလုပ်ဖြစ်ပါတယ်။ အရမ်းခက်ခဲတဲ့အလုပ်မဟုတ်ပေမဲ့ “ဒီနေ့ကတော့ရမ်းပင်ပန်းနေလို့နားလိုက်ဦးမယ်”ဆိုတာကို ခွင့်မပြုပေးနိုင်တဲ့အတွက် ကျန်းမာသန်စွမ်းပြီး တာဝန်ယူမှုတာဝန်ခံမှုရှိသူလိုအပ်တဲ့ အရေးကြီးတဲ့အလုပ်ဖြစ်ပါတယ်။
Form Closed.
(3)လျှောက်ထားရမည့်နည်းလမ်း
9 လ 10 ရက် (စနေနေ့) မြန်မာအချိန် 23:59 အထိလျှောက်ထားနိုင်ပြီး အောက်ပါလင့်ခ်မှ လျှောက်လွှာများလျှောက်ထားနိုင်ပါသည်။
■အသေးစိတ်အချက်အလက်များအတွက် အောက်ပါ url ကိုစစ်ဆေးပါ။
■Online seminar (Q&A session)💻
9 လ 8 ရက် (ကြာသပတေးနေ့) 19:30-20:30 မှာ ဆွေးနွေးပွဲ ကျင်းပမည်။ ပါဝင်ချင်ရင် Myandemy Facebook သို့ message ပို့ပေးပါ။
■ဤပရိုဂရမ်နှင့်စပ်လျဉ်းသည့် မေးခွန်းများကို Myandemy Facebook တွင်ဆက်သွယ်မေးမြန်းနိုင်သည်။