【ဂျပန်နိုင်ငံကိုဘယ်လိုလာရမလဲ】- အသက်မွေးဝမ်းကျောင်းCollege
နိဒါန်း
ဤကဏ္ဍတွင်ဂျပန်တွင်အသက်မွေး၀မ်းကျောင်းCollege တက်ရန်ရွေးချယ်ခြင်းနှင့်ပတ်သက်၍မိတ်ဆက်ပေးပါမည်။
အသက်မွေး၀မ်းကျောင်းCollege ဆိုသည်မှာအလုပ်အမျိုးမျိုးအတွက်လိုအပ်သည့်အရည်အချင်းများကိုလေ့လာရပြီးချက်ချင်းအလုပ်လုပ်နိုင်မည့်စွမ်းရည်ကိုလက်တွေ့လေ့ကျင့်နိုင်သည့်ကျောင်းဖြစ်သည်။
ဆေးဘက်ဆိုင်ရာသက်သာချောင်ချိရေး၊ အိုင်တီ၊ မြို့ပြအင်ဂျင်နီယာ၊ အချက်အပြုတ်၊ ဖက်ရှင်နှင့်စီးပွားရေးစသည့်နယ်ပယ်အားလုံးတွင်အသက်မွေးဝမ်းကျောင်းCollege များစွာရှိသည်။ အသက်မွေးဝမ်းကျောင်းCollege ရွေးချယ်ခြင်းကမည်သို့သောလူများအတွက်အဆင်ပြေမလဲစသည့်အသက်မွေးဝမ်းကျောင်းCollege ရွေးချယ်နည်း၊ကျောင်းဝင်ခွင့်လျှောက်နည်း၊ကျောင်းပြီးနောက်ပိုင်းcareerများနှင့်ပတ်သက်ပြီးကြည့်ကြည့်ရအောင်။
အခြေအနေများ
အောက်ပါအခြေအနေများအနက်မှတစ်ခုခုအားပြည့်မှီရန်လိုအပ်သည်။
၁။ ပြည်ပတွင် ၁၂ နှစ်ပညာရေးပြီးဆုံးသောသူများ။
၂။ ပြည်ပတွင်၁၂ နှစ်ပညာရေးပြီးဆုံးသောပညာရေးစွမ်းရည်အသိအမှတ်ပြုလက်မှတ်ရပြီး၁၈ နှစ်ပြည့်ပြီးသူများ။
၃။ ဂျပန်နိုင်ငံတွင်ပြည်ပမှအထက်တန်းကျောင်းနှင့်တန်းတူသတ်မှတ်ထားသည့်နိုင်ငံခြားကျောင်းပြီးထားပြီးအသက် ၁၈ နှစ်ပြည့်သူများ။
၄။ International Baccalaureate, Abitur, French Baccalaureate အရည်အချင်းများရှိသူများသို့မဟုတ် GCEA အဆင့်စာမေးပွဲနှင့်ပတ်သက်ပြီးကျောင်းမှသီးခြားသတ်မှတ်ထားသည့်အမှတ်ပြည့်မှီပြီးအသက် ၁၈ နှစ်ပြည့်သူများ။
၅။ အပြည်ပြည်ဆိုင်ရာပညာရေးအဖွဲ့အစည်းများ(WASC、CIS、ACSI)မှအသိအမှတ်ပြုသည့်၁၂နှစ်ပညာရေးစနစ်ပြီးဆုံးထားပြီးအသက် ၁၈ နှစ်ပြည့်သူများ။
၆။ အထက်တန်းအောင်လက်မှတ်စာမေးပွဲဖြေဆိုအောင်မြင်ပြီးအသက် ၁၈ နှစ်ပြည့်သူများ။
၇။ ကျောင်းမှကျင်းပသောသီးခြားဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲတွင်အထက်တန်းကျောင်းမှဘွဲ့ရသူများနှင့်တန်းတူသို့မဟုတ်ပိုမိုမြင့်မားသောပညာရေးစွမ်းရည်ရှိသည်ဟုအသိအမှတ်ပြုခံရသူပြီးအသက် ၁၈ နှစ်ပြည့်သူများ။
၈။ အထက်ပါသတ်မှတ်ချက်များမဟုတ်သည့်ကျောင်း၏ပညာရေးဥပဒေတွင်ဖော်ပြထားသော၀င်ခွင့်အရည်အချင်းတစ်ခုခုနှင့်ပြည့်မီသူများ။
မည်သို့သောသူများအတွက်အသက်မွေးဝမ်းကျောင်းကောလိပ်ရွေးချယ်မှုကိုအကြံပြုမည်နည်း?
အလုပ်မှာချက်ချင်းအလုပ်လုပ်နိုင်စွမ်းကိုရယူလိုသူများနှင့်၎င်းတို့၏အလုပ်အကိုင်နှင့်တိုက်ရိုက်ဆက်နွယ်နေသောအရည်အချင်းများကိုရယူလိုသူများအတွက်အကြံပြုပါသည်။ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N2 အဆင့်ရှိလျှင်ပိုကောင်းသည်။ အဘယ်ကြောင့်ဆိုသော်အသက်မွေး၀မ်းကျောင်းကောလိပ်ရှိအတန်းများကိုဂျပန်ဘာသာဖြင့်သင်ကြားသောကြောင့်သင်ခန်းစာများကိုကောင်းစွာနားလည်နိုင်ခြင်းရှိ၊ မရှိပေါ် မူတည်၍ရရှိနိုင်သောဗဟုသုတပမာဏသည်များစွာကွဲပြားသွားနိုင်သောကြောင့်ဖြစ်သည်။
သို့သော်၊ အသက်မွေး၀မ်းကျောင်းကောလိပ်တက်ရန်အတွက်မဖြစ်မနေလိုအပ်ချက်တစ်ခုအနေဖြင့်ဂျပန်စာအရည်အချင်းစစ်စာမေးပွဲရလဒ်မလိုအပ်ပါဟူသောအချက်သည်ဂျပန်စကားမပြောနိုင်သည့်တိုင်အောင်အသက်မွေးဝမ်းကျောင်းကောလိပ်သို့တက်ရောက်နိုင်သည်ဟုဆိုလိုခြင်းဖြစ်သည်။
အသက်မွေး၀မ်းကျောင်းကောလိပ်တက်ရန်ဝင်ခွင့်လျှောက်ထားသည့်အချိန်တွင်ဂျပန်စကားမပြောနိုင်သည့်တိုင်ကျောင်းဝင်ခွင့်ရသည့်အချိန်ထိဂျပန်စာအရည်အချင်းကိုတိုးတက်စေရန်ကြိုးစားအားထုတ်ခြင်း၊ကျောင်းဝင်ခွင့်ရပြီးနောက်ပိုင်းတွင်လည်းကျောင်းတက်ရင်းတစ်ဖက်ကနေဂျပန်စာလေ့လာခြင်းကိုကြိုးစားသင်ယူလိုစိတ်ရှိသူများအတွက်ဆွဲဆောင်မှုရှိသည့်ရွေးချယ်မှုတစ်ခုဟုဆိုနိုင်သည်။
N2 အဆင့်ဂျပန်စာစွမ်းရည်ရှိသူများအတွက်အသက်မွေး၀မ်းကျောင်းကောလိပ်များသာမကအခြားသောရွေးချယ်စရာများလည်းရှိသည်။
ပညာရေးကိုပိုမိုလေ့လာလိုသူများအတွက်တက္ကသိုလ်ဆိုသည့်ရွေးချယ်မှုလည်းရှိသည်။
အသက်မွေး၀မ်းကျောင်းကောလိပ်ရွေးချယ်နည်း
နိုင်ငံခြားကျောင်းသားများ၏နေထိုင်မှုဘဝကိုလမ်းညွှန်ပေးမည့်အချိန်ပြည့်၀န်ထမ်းတစ်ဦးရှိရန်လိုအပ်သည်။ထိုကဲ့သို့နိုင်ငံခြားကျောင်းသားလက်ခံသောစနစ်ရှိသည့်ကျောင်းကိုရွေးချယ်ပါ။
မိမိတက်လိုသောနယ်ပယ်ဖြင့်အသက်မွေး၀မ်းကျောင်းကောလိပ်ကိုရှာဖွေသောWebsite များကိုလည်းအသုံးပြုနိုင်သည်။
ဂျပန်ရှိအသက်မွေး၀မ်းကျောင်းကောလိပ်များကိုအကြမ်းအားဖြင့်အောက်ပါအတိုင်း၈မျိုးခွဲခြားနိုင်သည်။ မိမိစိတ်ဝင်စားသောနယ်ပယ်၊အနာဂတ်တွင်ဆက်လက်လုပ်ဆောင်လိုသည့်နယ်ပယ်များနှင့်ပတ်သက်ပြီးရှာဖွေပါ။
စက်မှုနယ်ပယ်
ဗိသုကာ၊ ဆောက်လုပ်ရေး၊ မော်တော်ကား၊ စက်ရုပ်၊ လျှပ်စစ်၊ ဂိမ်း၊ ကွန်ပျူတာ
စိုက်ပျိုးရေးနယ်ပယ်
စိုက်ပျိုးရေး၊ ဥယျာဉ်စိုက်ပိုးခြင်း၊ ပန်းအရောင်းအဝယ်လုပ်ငန်း၊ ဇီဝနည်းပညာ၊ တိရစ္ဆာန်စီမံခန့်ခွဲရေး
ဆေးဘက်ဆိုင်ရာနယ်ပယ်
သူနာပြု၊ ရုပ်ပိုင်းဆိုင်ရာကုထုံး / အလုပ်အကိုင်ကုထုံး / ပြန်လည်ထူထောင်ခြင်း / သွားနှင့်တစ်ကိုယ်ရေသန့်ရှင်းမှု / ရောဂါဗေဒစစ်ဆေးမှု
တစ်ကိုယ်ရေသန့်ရှင်းရေးနယ်ပယ်
အစာအာဟာရ၊ ချက်ပြုတ်ခြင်း၊ မုန့်လုပ်ခြင်း၊ ပေါင်မုန့်ဖုတ်ခြင်း၊ ဆံပင်၊ အလှအပ၊ မိတ်ကပ်၊ အလှအပကုသမှု၊ လက်သည်း
ပညာရေး / လူမှုဖူလုံရေးနယ်ပယ်
သူနာပြုစောင့်ရှောက်မှုသက်သာချောင်ချိရေး / လူမှုဖူလုံရေး / သက်ကြီးရွယ်အိုများသက်သာချောင်ချိရေး / ကလေးထိန်း / ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး
ကုန်သွယ်ရေးနယ်ပယ်
စီးပွားရေး / စီမံခန့်ခွဲမှု / စာရင်းကိုင် /ကုန်သွယ်ရေး / ခရီးသွားခြင်း / အလည်အပတ် / ဟိုတယ်
ဝတ်စားဆင်ယင်မှုနယ်ပယ်
ဖက်ရှင်၊ ကီမိုနို၊ ဇာထိုး၊ လက်မှုပညာ၊ စတိုင်လစ်
ယဉ်ကျေးမှုနယ်ပယ်
ကာတွန်း၊ Animation၊ အသံသရုပ်ဆောင်၊ တေးဂီတ၊ ဒီဇိုင်း၊ ဓာတ်ပုံ၊ စကားပြန်၊ အိမ်မွေးတိရစ္ဆာန်များ
အသက်မွေးဝမ်းကျောင်းကောလိပ်ရွေးချယ်ရာတွင်သတိပြုရန်အချက်များ
လုပ်မည်လား၊သို့မဟုတ်မိမိနိုင်ငံသို့ပြန်မည်လားကိုကြိုတင်ဆုံးဖြတ်ထားတာကောင်းသည်။အကြောင်းမှာအကယ်၍ဂျပန်နိုင်ငံတွင်အလုပ်လုပ်လိုသည်ဆိုပါကနယ်ပယ်ကိုလိုက်ပြီးအလုပ်ဗီဇာမပေးသောနေရာများလည်းရှိသောကြောင့်ဖြစ်သည်။ ဂျပန်တွင်အလုပ်လုပ်လိုသောလူများသည်မိမိတက်ချင်သောနယ်ပယ်ကအလုပ်ဗီဇာပေးမပေးကိုကြိုတင်လေ့လာထားတာကောင်းသည်။