
Myanmar Aso Scholarship Program
Myanmar x Aso Scholarship Program သည် အာဏာသိမ်းမှုနှင့် COVID-19 ကြောင့် ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသော မြန်မာလူငယ်များအတွက် တည်ထောင်ထားသော ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်သည်။
ဂျပန်နိုင်ငံမှစေတနာရှင် ရန်ပုံငွေပံ့ပိုးပေးသူများနှင့် စပွန်ဆာကုမ္ပဏီဖြစ်သည့် Pocari Sweat (Otsuka Myanmar) ၏ ပံ့ပိုးကူညီမှုကြောင့် မြန်မာကျောင်းသားလေးဦးသည် ဂျပန်နိုင်ငံတွင် ပညာသင်ကြားခွင့်ရရှိခဲ့ပါသည်။ ၎င်းတို့သည် 2022 ခုနှစ်တွင် ပညာသင်ဆုအပြည့်ဖြင့် ဂျပန်နိုင်ငံ၊ Kumamoto ရှိ Idea IT College Aso တွင်တက်ရောက်ပညာသင်ကြားလျှက်ရှိသည်။
※Crowdfunding website (ဂျပန်ဘာသာစကား)
https://camp-fire.jp/projects/view/522837
- About Idea IT College Aso
- Aso in Kumamoto
- Special Supporter
- Partner
1.About Idea IT College Aso
Idea IT College Aso သည် “IICA(အီအီက)” ဟုလည်း ခေါ်တွင်ပြီး ဂျပန်နိုင်ငံ၊ Kumamoto တွင်ရှိသော နည်းပညာ college တစ်ခုဖြစ်သည်။
IICA တွင် “IT Solution Course” နှင့် “Global IT Business Course” သင်တန်းနှစ်ခုရှိသည်။ IT Solution Course တွင် ကျောင်းသားများသည် IT system development၊ AI၊ နှင့် security ဘာသာရပ်များကိုIT နယ်ပယ်လုပ်ငန်းခွင်များတွင်လိုအပ်သော အခြားကျွမ်းကျင်မှုများနှင့် ဗဟုသုတများအပါအဝင်လက်တွေ့ ထိရောက်စွာအသုံးချနိုင်ရန်သင်ယူနိုင်မည်ဖြစ်ပါသည်။
Global IT Business Courseတွင် ကျောင်းသားများသည် ITဘာသာရပ်အပြင်စျေးကွက်ထိုးဖောက်ခြင်းဆိုင်ရာပညာရပ်များကို သင်ယူလေ့လာနိုင်ပြီး ဘာသာရပ်နှစ်ခုကို ပေါင်းစပ်ကာလုပ်ငန်းခွင်တွင်အောင်မြင်မှုရရှိနိုင်သောအခွင့်အရေးများ
ကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။ (အထက်ပါဘာသာ ရပ်နှစ်ခုလုံးသည်ပညာသင်နှစ် နှစ်နှစ်သင်တန်းများဖြစ်သည်။)
IICA၏ထူးခြားသောဝိသေသတစ်ခုမှာ ဒေသတွင်းအသိုင်းအဝိုင်းများ၊ ကုမ္ပဏီများနှင့်ကောင်းမွန်ခိုင်မာသော ဆက်ဆံရေးရှိခြင်းဖြစ်သည်။အထက်ပါအစီအစဉ်များသည် ကုမ္ပဏီများမှလက်တွေ့လုပ်ငန်းခွင်
တိုက်ရိုက်လိုအပ်ချက်များနှင့် သင်ရိုးညွှန်းတမ်းများပေါင်းစပ်ထားသည့် “အမှာစာအခြေခံပညာရေး” ကို အခြေခံထားပြီး ကျောင်းသားများအား ဘာသာရပ်ဆိုင်ရာလက်တွေ့သင်ခန်းစာများကိုလေ့လာနိုင်စေမည်ဖြစ်သည်။ ကွင်းဆင်းလေ့လာမှုများနှင့် ပွဲလမ်းသဘင်များမှတစ်ဆင့် ဒေသခံပြည်သူများနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်းများစွာရှိခြင်းဖြစ်သည်။
အခြားအားသာချက်တစ်ခုမှာ နိုင်ငံအသီးသီးက ကျောင်းသားများနှင့်အတူပညာသင်ကြားခွင့်ရရှိခြင်း
ဖြစ်သည်။ 2022 ခုနှစ်တွင် နီပေါ၊ အိန္ဒိယ၊ တရုတ်နှင့် ဖိလစ်ပိုင်တို့မှ ကျောင်းသားများသည် IICA သို့ ဝင်ရောက်ကာပညာသင်ကြားလျှက်ရှိသည်။
2.Aso in Kumamoto
IICA တည်ရှိရာ Aso သည် Kyushu ရှိ Kumamoto စီရင်စုတွင် (Honshu နှင့် Hokkaido ပြီးလျှင် တတိယအကြီးဆုံးကျွန်း) ဖြစ်သည်။ သဘာဝရှုခင်းအလှအပများကြွယ်ဝပြီး အနီးနားတွင် လေဆိပ်တစ်ခုရှိကာ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုများပြားသော နေရာတစ်ခုလည်းဖြစ်သည်။ စပါးစိုက်ပျိုးခြင်းနှင့် ကုန်းမြင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း စသည့် စိုက်ပျိုးရေးလုပ်ငန်းများလည်း ထွန်းကားသည်။
3.Special Supporter
Pocari Sweat (Otsuka Myanmar) သည် ဤ scholarship program ကို ပံ့ပိုးကူညီပါသည်။
About Pocari Sweat
POCARI SWEAT – လူ့ခန္ဓာကိုယ်တွင်းမှသဘာဝရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်သောပြီး IV Solution ကိုအခြေခံကာထုတ်လုပ်ထားသောအားဖြည့်ကျန်းမာရေးဖျော်ရည်ဖြစ်ပါသည်။POCARI SWEATသည် သင့်ခန္ဓာကိုယ်အတွက် ရေနှင့် အိုင်းယွန်းများကို လျင်မြန်လွယ်ကူစွာ ပြန်လည်ဖြည့်တင်းပေးပါသည်။ ချွေးထွက်များသောသူများ သို့မဟုတ် ရေဓာတ်ခန်းခြောက်လွယ်သူများအတွက် သင့်တော်ပါသည်။
Website Link- https://www.pocarisweat.com.mm/
Facebook Link- https://www.facebook.com/PocariSweatMyanmar
4.Partner
ဤscholarship program အား Idea IT College Aso၊ J compass နှင့် Myandemy မှ ဦးစီးဆောင်ရွက်ပါသည်။
Website Link- https://iica.jp/
Facebook Link- https://www.facebook.com/ideaitcollegeaso
Website Link- http://jeducom.com/myanmar/
Facebook Link- https://www.facebook.com/jeducom
Website Link- https://myandemy.com/
Facebook Link- https://www.facebook.com/Myandemy